Local News

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနသို့သွားရောက် စစ်ဆေးခဲ့ခြင်း

Last Updated:

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း ဦးဆောင်သည့် အဖွဲ့ဝင် (၄) ဦးတို့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနသို့  သွားရောက်၍ ပြည်ထောင်စု ဝန်ကြီး လမ်းညွှန်ချက်နှင့်အညီ ဆောင်ပုဒ်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်စသည့် နံရံကပ် ပိုစတာများထားရှိမှု၊ စာကြည့်တိုက် ထားရှိမှုများ၊ သန့်ရှင်းသပ်ရပ်မှုများ စစ်ဆေးခဲ့ပါသည်။

          ကုန်သွယ်မှုဗဟိုဌာနသည် ဒေသခံ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းရှင်များမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို လာရောက် ပြသစေပြီး ဈေးကွက် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် သက်ဆိုင် သည့် သတင်းအချက်အလက်များအား ဒေသခံတောင်သူ၊ ကုန်သည်လုပ်ငန်းရှင် များသို့ဖြန့်ဝေ ပေးခြင်းကိုပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပြီး ဆွေးနွေးခြင်း၊ အခြားအမယ်သစ်များ ရှာဖွေခြင်းများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်မှူးရုံးသို့လည်း သွားရောက်ခဲ့ပါသည်။

  

  

Category: Local News